ချယ်ရီရေယာဉ် (၃) စီး တင်ဆောင်လာသည့် ရေယာဉ်တင် သင်္ဘောကြီး MV Paula (၁၉.၁၀.၂၀၁၄) ရက်နေ့တွင် ဂျပန်နိုင်ငံမှ စတင်ထွက်ခွာ

ဂျပန်နိုင်ငံအစိုးရ JICA အကူအညီဖြင့် ဂျပန်နိုင်ငံ ဟီရိုရှီးမားခရိုင်၊ အီတာဂျီးမားမြို့ရှိ နာကာတာနီ သင်္ဘောကျင်းတွင် တည်ဆောက် ပြီးစီးခဲ့သော ပန်းဆိုးတန်း-ဒလ ကူးတို့လမ်းသွား ချယ်ရီရေယာဉ် (၃) စီး အား ရေယာဉ်တင် သင်္ဘောကြီး MV Paula၊ဖြင့် တင်ဆောင်၍ (၁၉.၁၀.၂၀၁၄) ရက်နေ့တွင် ဂျပန်နိုင်ငံမှ စတင်ထွက်ခွာ လာခဲ့ပြီဖြစ် ပါသည်။ ခရီးလမ်းတွင် ကြန့်ကြာမှုများ မရှိပါက သီလဝါ ဆိပ်ကမ်းသို့ (၂၉.၁၀.၂၀၁၄) ရက်နေ့ တွင်ရောက်ရှိ မည် ဖြစ်ပါသည်။