ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ မြစ်၀ကျွန်းပေါ် ဌာနခွဲရှိ ရေယာဉ်များအား ငှားရမ်းနိုင်ပါကြောင်း ကြော်ငြာခြင်း

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ မြစ်၀ကျွန်းပေါ်ဌာနခွဲ ရှိ ဖော်ပြပါရေယာဉ် အမျိုးအစားများအား မြစ်၀ကျွန်းပေါ်ဒေသ အသီးသီးသို့ ခရီးသည် နှင့် ကုန်စည် ပို့ဆောင်ရာတွင် လည်းကောင်း ၊မြစ်တွင်း အပျော်စီးခရီးစဉ်အတွက် သော်လည်းကောင်း နေ့ပြတ်၊ လပြတ်၊ နှစ်ရှည် ငှားရမ်းနိုင်ပါသည်။ အသေးစိတ် သိရှိလိုပါက အောက်ပါ လိပ်စာများသို့  ဆက်သွယ်စုံစမ်းနိုင်ပါသည်-

(က) ပြည်တွင်းရေကြောင်းပို့ဆောင်ရေး မြစ်၀ကျွန်းပေါ်ဌာနခွဲ၊ မော်တင်လမ်းသစ်ဆိပ်ကမ်း၊ ဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်မြို့။     
ဖုန်းနံပါတ်၊ ၀၁-၂၂၂၄၉၃ ၊ ၀၁-၂၂၂၄၇၂

(ခ) ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (ရုံးချုပ်) သယ်ယူပို့ဆောင်ရေးဌာန၊ အမှတ်( ၅၀ )၊ ပန်းဆိုးတန်းလမ်း၊ ရန်ကုန်မြို့။  ဖုန်းနံပါတ်၊ ၀၁-၃၈၁၉၁၄ ၊ ၀၁-၃၈၄၂၅၃