“ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်၀င်း King Royal Technologies Co., Ltd နှင့် Vatchara Marine Co., Ltd မှ ကိုယ်စားလှယ် အဖွဲ့တို့အား လက်ခံတွေ့ဆုံ"

“ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်၀င်း King Royal Technologies Co., Ltd နှင့် Vatchara Marine Co., Ltd မှ ကိုယ်စားလှယ် အဖွဲ့တို့အား လက်ခံတွေ့ဆုံ"

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်၀င်း သည် King Royal Technologies Co., Ltd မှ MD ဦးရဲအောင်အောင်တင် ဦးဆောင်သည့်အဖွဲ့ နှင့် ထိုင်နိုင်ငံ အခြေစိုက် Vatchara Marine Co., Ltd  မှ MD Mr. Tanned Satienphan ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့အား (၃၀.၁၂.၂၀၁၆) ရက်နေ့ (၁၄:၀၀) နာရီ အချိန်တွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (ရုံးချုပ်) အစည်းအေ၀းခန်း၌ လက်ခံ တွေ့ဆုံ ပါသည်။ ထိုသို့ တွေ့ဆုံရာ တွင် Costal Area Boat & River Area Boat များ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးတွင် အသုံးပြုနိုင်မည့် အခြေအနေနှင့် စပ်လျဉ်းပြီး ဆွေးနွေး  ခဲ့ကြပါသည်။ အဆိုပါ တွေ့ဆုံ ပွဲသို့ အထွေထွေ မန်နေဂျာ ဦးမောင်မောင်လွင်၊ ဒု-အထွေထွေ မန်နေဂျာ (ပို့ဆောင်ရေး) ဦးပြည်ငြိမ်း၊ ဒု-အထွေထွေ မန်နေဂျာ (ကုန်စည်) ဦးလူမော်ထွန်းနွဲ့၊ ဒု-အထွေထွေ မန်နေဂျာ(အင်ဂျင်နီယာ) ဦးစိုးမြင့်နှင့် ဒုတိယ ရေကြောင်း ဌာနမှူးချုပ် ဦးမြင့်သန်းထွန်းတို့ တက်ရောက်ကြပါသည်။