“နှစ်စဉ် ကျင်းပလျက် ရှိသည့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ မြေငူကျွန်း ဆံတော်ရှင် ဘုရားပွဲတော် ရက်များတွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ရခိုင်ဌာနခွဲမှ အောင်တံခွန် ရေယာဉ်များဖြင့် ပြေးဆွဲပေးလျှက်ရှိ”

“နှစ်စဉ် ကျင်းပလျက် ရှိသည့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ မြေငူကျွန်း ဆံတော်ရှင် ဘုရားပွဲတော် ရက်များတွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ရခိုင်ဌာနခွဲမှ အောင်တံခွန် ရေယာဉ်များဖြင့် ပြေးဆွဲပေးလျှက်ရှိ”

  • နှစ်စဉ် ကျင်းပလျက်ရှိသည့် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ မြေငူကျွန်း ဆံတော်ရှင် ဘုရားပွဲတော် ရက်များတွင် ဘုရားဖူး ခရီးသည်များ သွားလာမှု အဆင်ပြေ ချောမွေ့စေရေးအတွက် ပြည်နယ် အစိုးရအဖွဲ့၏ စီစဉ် ကြီးကြပ်မှုဖြင့် စစ်တွေမြို့မှ ဘုရားပွဲ ကျင်းပရာ စောမဲကျီကျေးရွာ သို့ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ရခိုင်ဌာနခွဲမှ “အောင်တံခွန်-၁” ၊ “အောင်တံခွန်-၂” နှင့် “အောင်တံခွန်-၇" ရေယာဉ် (၃) စီးဖြင့် ၁၀.၁၂.၂၀၁၆ ရက်နေ့မှ ၁၅.၁၂.၂၀၁၆ ရက်နေ့အထိ တစ်နေ့လျှင် (၂) ခေါက် နှုန်းဖြင့် ပြေးဆွဲပေးလျှက် ရှိပါသည်။
  • ဘုရားဖူး ခရီးသည်များ အထူး စည်ကားသည့် ပွဲတော်ဖြစ်သဖြင့် ရေယာဉ်များဖြင့် ခရီးသွားလာကြသည့် ဘုရားဖူး ခရီးသည်များ အန္တရာယ် ကင်းရှင်းစေရေး အတွက် ခရီးသည် တင်ဆောင် ခွင့်ပြု လိုင်စင် သတ်မှတ်ချက်ထက် ကျော်လွန်မှု မရှိစေရေး၊ ခရီးသည်များ စည်းကမ်းရှိစွာ စီးနှင်းစေရေး တို့ကို စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့များအား ဆိပ်ကမ်းများတွင် လည်းကောင်း၊ ရေယာဉ်များပေါ်တွင် လည်းကောင်း တာ၀န်ချထားပြီး ကြီးကြပ်လျှက် ရှိပါသည်။
  • လူမှုကွန်ယက် ဖေ့စ်ဘုတ် စာမျက်နှာများတွင် ယခင်နှစ်များ မတိုင်မီက ပြေးဆွဲခဲ့ဘူးသည့် “ဓည၀တီ” ရေယာဉ်ပုံနှင့် ၂၀၁၅ ခုနှစ်၊ မတ်လက နစ်မြုပ်ခဲ့သည့် “အောင်တံခွန်-၃" ရေယာဉ်ပုံဟောင်း များအား ဖေါ်ပြပြီး ယခုလက်ရှိ ဖြစ်ပေါ်နေသကဲ့သို့ မဟုတ်မမှန် သတင်းများ ဖြနေ့်၀နေခြင်းဖြစ် ပါသည်။
  • အဆိုပါ လူမှုကွန်ယင် ဖေ့စ်ဘုတ် စာမျက်နှာများတွင် ဖေါ်ပြထားသည့် “ဓည၀တီ" ရေယာဉ်များအား ယခုနှစ် ဘုရားပွဲတော်ရက်များတွင် လုံး၀ ပြေးဆွဲခြင်း မရှိပါ။ ရခိုင်ဌာနခွဲတွင် ဓည၀တီ ရေယာဉ် (၃) စီးရှိသည့် အနက် “ဓည၀တီ-၁”၊ “ဓည၀တီ-၂” ရေယာဉ် နှစ်စီးအား ၂၀၁၅ ခုနှစ်၊ ဇွန်လမှစတင် သွားလာမှု ရပ်ဆိုင်းထားကာ ကမ်းထိုးထားရှိပြီး၊ ကျန် “ဓည၀တီ-၃” ရေယာဉ်ကိုလည်း လက်ရှိ အချိန်တွင် ခရီးစဉ် ပြေးဆွဲမှု ရပ်နားထားပြီး ကျင်းတင် ပြင်ဆင်လျှက် ရှိပါသည်။