“ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်၀င်း Japan International Cooperation System (JICS) မှ Mr. Hiroshi Sato နှင့် Mr. Takeshi Suzuki တို့အား လက်ခံတွေ့ဆုံ"

“ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်၀င်း Japan International Cooperation System (JICS) မှ Mr. Hiroshi Sato နှင့် Mr. Takeshi Suzuki တို့အား လက်ခံတွေ့ဆုံ"

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်၀င်း သည် Japan International Cooperation System (JICS) မှ Mr. Hiroshi Sato နှင့် Mr. Takeshi Suzuki တို့အား (၉.၁၂.၂၀၁၆) ရက်နေ့ (၁၃:၃၀) နာရီ အချိန်တွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (ရုံးချုပ်) ဦးဆောင် ညွှန်ကြားရေးမှူး ရုံးခန်း၌ လက်ခံတွေ့ဆုံ ပါသည်။ ထိုသို့ တွေ့ဆုံရာ တွင် ဂျပန်နိုင်ငံအစိုးရမှ  The Economic and Social Development Programme အစီအစဉ်ဖြင့် ရခိုင်ဒေသ တောင်ပိုင်း ရေလမ်းခရီးတွင် အသုံးပြုရန် အတွက်ပေးအပ် လှူဒါန်းမည့် ခရီးသည်တင် အမြန်ရေယာဉ်များ ဆိုက်ကပ် ရန်အတွက် စစ်တွေမြို့နှင့် တောင်ကုတ်မြို့ ဆိပ်ကမ်းတို့တွင် ဆိပ်ခံ ဘောတံတား တည်ဆောက်ရေးနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ်သို့ သွားရောက် လေ့လာမည့် အစီအစဉ်များအား ဆွေးနွေး ခဲ့ကြပါသည်။ အဆိုပါ တွေ့ဆုံ ပွဲသို့ အထွေထွေ မန်နေဂျာ ဦးမောင်မောင်လွင်၊ ဒု-အထွေထွေ မန်နေဂျာ (ပို့ဆောင်ရေး) ဦးပြည်ငြိမ်း၊ ဒု-အထွေထွေ မန်နေဂျာ(အင်ဂျင်နီယာ) ဦးစိုးမြင့် နှင့်ရေကြောင်း ဌာနမှူးချုပ် ဦးအောင်သန်းမြိုင် တို့ တက်ရောက်ကြပါသည်။

Takeshi Suzuki

 

Takeshi Suzuki