“ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်၀င်း SA Marin Co. Ltd. မှ Mr. Igarashi (Advisor) နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ"

“ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်၀င်း SA Marin Co. Ltd. မှ Mr. Igarashi (Advisor) နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ"

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်၀င်း သည် SA Marin Co. Ltd. မှ Mr. Igarashi (Advisor) နှင့်အဖွဲ့အား (၁၃.၁၀.၂၀၁၆) ရက်နေ့ (၁၀:၀၀)နာရီ အချိန်တွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး (ရုံးချုပ်) ဦးဆောင် ညွှန်ကြားရေးမှူး ရုံးခန်း၌ လက်ခံတွေ့ဆုံ ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးနှင့် ဂျပန်နို င်ငံအစိုးရ၊ JICA အစီအစဉ်ဖြင့် S.A Marine Co., Ltd မှ အကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိသော ဘက်စုံသုံး ကွန်တိန်နာ တွဲရေယာဉ်ဖြင့် ကုန်သေတ္တာများအား ရန်ကုန်မြို့ သီလ၀ါ MITT ဆိပ်ကမ်းမှ ရွှေပြည်သာ-ရွှေမဲဆိပ်ကမ်းသို့ ပို့ဆောင်ပေးမည့် MITT-Shweme Container Shuttle Service ကိစ္စရပ်များအား ဆွေးနွေး ခဲ့ကြပါသည်။ အဆိုပါ တွေ့ဆုံ ပွဲသို့ ဒုတိယ အထွေထွေ မန်နေဂျာ (ကုန်စည်) ဦးလူမော်ထွန်းနွဲ့၊ ဒုတိယ အထွေထွေ မန်နေဂျာ (အင်ဂျင်နီယာ) ဦးစိုးမြင့်နှင့် ရေကြောင်း ဌာနမှူးချုပ် ဦးအောင်သန်းမြိုင်တို့ တက်ရောက်ကြ ပါသည်။

Igarashi

 

Igarashi