ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ရခိုင် ဌာနခွဲတွင် ပြေးဆွဲနေသည့် ရေယာဉ် ခရီးလမ်းများ ယာယီ ရပ်နားခြင်း။

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး၊ ရခိုင် ဌာနခွဲတွင် ပြေးဆွဲနေသည့် ရေယာဉ် ခရီးလမ်းများ ယာယီ ရပ်နားခြင်း။

ယခုတလော ရခိုင်ပြည်နယ်အတွင်း မိုးများ အဆက်မပြတ် ရွာသွန်းခြင်း၊ လေပြင်းများ တိုက်ခတ်ခြင်း၊ လှိုင်းကြီးနိုင်ခြင်းနှင့် ဆိပ်ကမ်းများ ရေလျှံမှုများ ဖြစ်ပေါ်နေခြင်း တို့ကြောင့်  ရေယာဉ်နှင့် ခရီးသည်များ အန္တရာယ် မဖြစ်စေရေးအတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး၊ ရခိုင်ဌာနခွဲ၊ စစ်တွေမြို့မှ (၁၄.၆.၂၀၁၈) ရက်နေ့တွင် ထွက်ခွာမည့် စစ်တွေ-ဘူးသီးတောင် ခရီးစဉ်နှင့် (၁၅.၆.၂၀၁၈) ရက်နေ့တွင် ထွက်ခွာမည့် စစ်တွေ-ကျောက်ဖြူ ခရီးစဉ်အား ယာယီ ရပ်ဆိုင်း ထားမည် ဖြစ်ပြီး၊ ခရီးစဉ် ပြန်လည် ပြေးဆွဲမည့် နေ့ရက်အား ထပ်မံ ကြေငြာသွားမည် ဖြစ်ပါသည်။