ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဌာနပိုင် ရေယာဉ်များဖြင့် မြောင်းမြ မြစ်ကူး ကူးတို့လမ်းများ ပြေးဆွဲ ပေးနေမှု အခြေအနေ

ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဌာနပိုင် ရေယာဉ်များဖြင့် မြောင်းမြ မြစ်ကူး ကူးတို့လမ်းများ ပြေးဆွဲ ပေးနေမှု အခြေအနေ

ဧရာဝတီတိုင်း ဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ရှိ မြောင်းမြ မြစ်ကူး ကြိုးတံတား ကြီးသည် ၂၀၁၈ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့ (ဝ၁:၄၅) နာရီ အချိန်ခန့်က မြောင်းမြမြစ် အတွင်းသို့ ပြတ်ကျသွားခဲ့ပြီး၊ ပို့ဆောင် ဆက်သွယ်ရေး လမ်းကြောင်း ပြတ်တောက် သွားခဲ့ခြင်းကြောင့် ပို့ဆောင် ဆက်သွယ်ရေး လမ်းကြောင်း ပြန်လည် ကောင်းမွန် စေရေးအတွက် မြောင်းမြ မြစ်ကူး ရေယာဉ် ကူးတို့ လမ်းများကို (၅.၄.၂၀၁၈) ရက်နေ့မှ စတင်၍ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဌာနပိုင် ဇက်ရေယာဉ် (၂) စီးဖြစ်သည့် ဇက်-၁၀၇ ရေယာဉ် နှင့် ရေနယား-၂ ရေယာဉ်၊ လူစီး နှစ်ထပ် ရေယာဉ် (၂) စီး ဖြစ်သည့် တောသူမယ် ရေယာဉ် နှင့် စောမာလာ ရေယာဉ်တို့ကို အသုံးပြု၍ နေ့စဉ် အခမဲ့ ပြေးဆွဲပေးလျှက် ရှိပါသည်။

(၅.၄.၂၀၁၈) ရက်နေ့မှ (၁၈.၄.၂၀၁၈) ရက်နေ့ အထိ အသွား/အပြန် ခေါက်ရေ ပေါင်း (၆၃၂) ခေါက် ပြေးဆွဲပေးခဲ့ပြီး၊ ကားကြီး (၂၁၆) စီး၊ ကားလတ် (၂၁၈) စီး၊ ကားသေး (၂၄၅၂) စီး၊ သုံးဘီး (၂၉) စီး၊ ထော်လာဂျီ (၆၂) စီး၊ ဆိုင်ကယ် (၁၃၄၈၂) စီး၊ ထွန်စက် (၁) စီး၊ စက်ဘီး (၁၂၅) စီးနှင့် ခရီးသည် (၃၃၆၈၃) ဦး တို့ကို အခမဲ့ ပို့ဆောင် ပေးနိုင်ခဲ့ပြီး ဖြစ်ပါသည်။

လက်ရှိ ပြေးဆွဲပေးနေသော မြောင်းမြ မြစ်ကူး ကူးတို့လမ်းများတွင် ဖြစ်ပေါ်နေသော ယာဉ်များ စုပုံ၍ ယာဉ်ကြော ပိတ်ဆို့ ကျပ်တည်းမှု ဖြေလျှော့နိုင်ရန်အတွက် အခြား နည်းလမ်း တစ်ခုအဖြစ် လပွတ္တာ (ညောင်ချောင်းလေး) ဇက်ဆိပ် မှ ငပုတော ဘက်ကမ်းသို့ ပမ္မဝတီဖြစ်ကို ဖြတ်ကူးသည့် ဇက်ကူးတို့ ခရီးလမ်း တစ်လမ်း ထပ်မံ တိုးချဲ့ ပြေးဆွဲနိုင်ရေး ဇက်ကူး အတက်/ အဆင်း ကွန်ကရိလမ်း တည်ဆောက်ခြင်း လုပ်ငန်းကို ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အစီအစဉ်ဖြင့် ဆောင်ရွက်လျှက်ရှိပြီး၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမှ ဇက် ရေယာဉ် တစ်စီး အသုံးပြု ပြေးဆွဲ ပေးသွားမည် ဖြစ်ပါသည်။ အဆိုပါ ခရီးလမ်းတွင် ပြေးဆွဲမည့် ရေနယား (၁)​ ရေယာဉ်​ကို (၁၈.၄.၂၀၁၈) ရက်နေ့ (ဝ၅:ဝဝ) နာရီ အချိန်တွင် ရန်ကုန်မှ မြောင်းမြမြို့သို့ စေလွှတ်ခဲ့ရာ (၁၉.၄.၂၀၁၈) ရက်နေ့ နံနက်တွင် မြောင်းမြမြို့သို့ ရောက်ရှိမည် ဖြစ်ပါသည်။
 

 myaung_mya